ဂွမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီသင်တန်း ဖွင့်လှစ်
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်များ၌ ကျောင်းသား၊ ကျောင်းသူများ အချိန်ကို တန်ဖိုးရှိရှိအသုံးချတတ်စေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော လူငယ်လူရွယ်များဖြစ်လာစေရန် ရည်ရွယ်၍ အခြေခံပန်းချီ အခမဲ့သင်တန်းကို ယနေ့နေ့လယ် (၁၁) နာရီအချိန်က စတင်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။