ဂွမြို့ ရာဇပဗ္ဗတမင်းတောင်စေတီတော်မြတ်ကြီး၏ သာသနာ့နယ်မြေတွင် (စကျင်ကျောက်)ရုပ်ပွားတော်မြတ်ကြီးအား တည်ထားကိုးကွယ်သည့် မင်္ဂလာအခမ်းအနားကျင်းပ
ရခိုင်ပြည်နယ်၊ ဂွမြို့၊ မြို့မရပ်ကွက်၊ ရှေးဟောင်းသမိုင်းဝင် ရာဇပဗ္ဗတမင်းတောင်စေတီတော်မြတ်ကြီး၏ သာသနာ့နယ်မြေတွင် (စကျင်ကျောက်)ထိုင်တော်မူ ရုပ်ပွားတော်မြတ်ကြီးအား ပင့်ဆောင်တည်ထားကိုးကွယ်သည့် မင်္ဂလာအခမ်းအနားကို ယမန်နေ့ညနေပိုင်းက မင်းတောင်သာသနာ့နယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။