ရခိုင်ပြည်နယ်

ပေါက်တောမြို့နယ်တွင် မြေပြင်တစ်အိမ်တစ်ဆင်း စာရင်းကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊  ပေါက်တောမြို့နယ်တွင် လူဦးရေစာရင်းမှန်ကန်စွာကောက်ယူနိုင်ရေးအတွက် မြေပြင်တစ်အိမ်တစ်ဆင်း ကွင်းဆင်းစာရင်းကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်၍ မြို့ပေါ်ရပ်ကွက်များအလိုက် စာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မောင်တောမြို့နယ်အတွင်း မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) များ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း ကောက်ယူခြင်းများအား ကြည့်ရှု

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြို့နယ်အတွင်း မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့ (Working Group) များအိမ်ထောင်စုလူဦး ရေစာရင်း မြေပြင်ကွင်းဆင်း ကောက်ယူခြင်းများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များ ၊ တာဝန်ရှိသူများက ယနေ့ နေ့လယ် ၁ နာရီအချိန် မြို့ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်း ကြည့်ရှုခဲ့ကြသည်။

ပေါက်တောမြို့နယ်အတွင်း IDP Camps များနှင့် ဒေသခံကျေးရွာများရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/ သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ IDPs စခန်း(၅)ခုဖြစ်သည့် ကြိမ်နီပြင် lDP စခန်း၊ အနောက်ရဲ lDP စခန်း၊ ဆက်တက်မော် IDP စခန်း၊ ငှက်ချောင်း(၁)IDP စခန်း၊ ငှက်ချောင်း(၂) IDP စခန်းများနှင့် ဒေသခံကျေးရွာများရှိ  အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Myancopharm )ကျောင်းအခြေပြု (ဒုတိယ) အကြိမ် ထိုးနှံပေးခြင်းကို  ယနေ့ နံနက်ပိုင်းက သတ်မှတ်စုရပ် နေရာများတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

မာန်အောင်မြို့နယ်၌ မြေပြင်ကွင်းဆင်းလူဦးရေ စာရင်းကောက်ယူနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကြည့်ရှု

ရခိုင်ပြည်နယ် တောင်ကုတ်ခရိုင် မာန်အောင်မြို့နယ် တွင်၂၀၂၃ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် အိမ်ထောင်စုရှိ လူဦးရေစာရင်းနှင့်မြေ​ပြင်ရှိလူဦးရေစာရင်း တိကျမှန်ကန်မှုရှိစေရန်အတွက် တိုက်ဆိုင်စစ်ဆေးခြင်းကို လူဦး‌ရေ စာရင်းကောက်ယူရေးအဖွဲ့ (Working Group)မှ ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများ၌ တစ်အိမ်တက်ဆင်း စာရင်းကောက်ယူလျက်ရှိသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပါဝင်တင်ဆက် ကပြခဲ့ကြသည့် ပြည်နယ်ယဉ်ကျေးမှုအဖွဲ့အား ကြိုဆို

နေပြည်တော်တွင် ကျင်းပခဲ့သည့် (၇၅)နှစ် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ရခိုင်ပြည်နယ် ကိုယ်စားပြု ပါဝင်တင်ဆက်ကပြခဲ့ကြသည့် ပြည်နယ်ယဉ်ကျေးမှုအကအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ စစ်တွေမြို့သို့ ရောက်ရှိလာရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက စစ်တွေလေဆိပ်တွင် ကြိုဆိုခဲ့ကြသည်။

ဘူးသီးတောင်မြို့နယ်၌ လူဦးရေစာရင်း မှန်ကန်ရေး မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (WorkingGroup) များသည် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများအလိုက် တစ်အိမ်တက်ဆင်း သွားရောက်ကာသတ်မှတ်စာရင်း ပုံစံများဖြင့် ကောက်ယူခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

SIM Cared များမှတ်ပုံတင်ခြင်းဆိုင်ရာနှင့်ပတ်သက်၍  အသိပညာပေး ဆွေးနွေးပွဲ(Talk- Show) ပြုလုပ်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်လူထု အခြေပြုဗဟိုဌာန၊(Community Centre)ခန်းမ၌  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ ပူးပေါင်း၍ SIM Card (ဆင်းကတ်) သုံးစွဲသူပြည်သူများအား ဆင်းကတ် မှတ်ပုံတင်ခြင်းဆိုင်ရာနှင့် ပါတ်သက်၍ ဗဟုသုတရရှိစေရန်  အသိပညာပေးဆွေးနွေးပွဲ (Talk-Show)ကို ယနေ့နံနက် ၁၁ နာရီက ပြုလုပ် ခဲ့သည်။

ရသေ့တောင်မြို့နယ်၌ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းလူဦးရေစာရင်း ကောက်ယူမှု လုပ်ငန်းများ စတင်ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၌ ၂၀၂၃  ခုနှစ်၊ ဩဂုတ်လတွင် ကျင်းပရန်လျာတားသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်  ရပ်ကွက်/ ကျေးရွာ အုပ်စုများတွင်  အိမ်ထောင်စုရှိ လူဦးရေစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်းများ တိကျမှန်ကန်မှု ရှိစေရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ယနေ့ နံနက်၁၀ နာရီ အချိန်က စတင်ဆောင်ရွက်လျက်ရှိသည်။

ကျောက်တော်မြို့၌ မူလတန်းအဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ ၂၀၂၂-၂၀၂၃ ခု ပညာသင်နှစ် မြို့နယ်ပညာရေးမှူး ဒိုင်းမူလတန်းအဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန်က အထက(ကျောက်တော်) အခြေခံပညာအထက်တန်းကျောင်းရှေ့ အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း (၁/၂၀၂၃) သံတွဲ၌ ဖွင့်လှစ်

သံတွဲခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to ရခိုင်ပြည်နယ်