ရခိုင်ပြည်နယ်

အမ်းမြိုလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန် မြှင့်တင်ရေးစာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်းရေး စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲကို ယနေ့နံနက်ပိုင်းတွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ခင်းကျင်းပြသဆောင်ရွက်ခဲ့သည်။

အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများ တိကျမှန်ကန်စေရေးအတွက် တစ်အိမ်တက်ဆင်းတိုက်ဆိုင်စစ်ဆေးမှုလုပ်ငန်းများ ရမ်းဗြဲမြို့နယ်၌ ဆက်လက်ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးမှုလုပ်ငန်းများကို ရမ်းဗြဲမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့မှစတင်ပြီး မြေပြင်စာရင်းကောက်ယူရေးအဖွဲ့များမှ စတင်ဆောင်ရွက်လျက်ရှိရာ

ကျောက်ဖြူမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများက ယနေ့နံနက်ပိုင်းကရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနရုံးသို့သွားရောက်၍ စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းခဲ့ကြသည်။

မြောက်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စစ်တုရင်ပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စစ်တုရင်ပြိုင်ပွဲကို ယနေ့မွန်းတးည့်(၁၂) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သံတွဲခရိုင် ငပလီမြို့၌ နံရံကပ်စာစောင်ပြပွဲကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့ရုံးတွင် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို သိရှိ​စေရန်အတွက် အလုပ်ခေါ်ကြော်ငြာစာများကို နံရံကပ်ပြဘုတ်တွင်ယနေ့ နံနက် ၁၁ နာရီအချိန်က ငပလီမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငပလီမြို့ရုံး၌ ပြသခဲ့သည်။

ရသေ့တောင်မြို့ အထက(၂) မြို့မ ကျောင်းတွင် ပညာရေးစုံညီပွဲတော် ပဒေသာကပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ အထက(၂)မြို့မကျောင်းတွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် ပဒေသာကပွဲနှင့်  ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ (၅) နာရီအချိန်က အဆိုပါကျောင်းရှေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

မအီမြို့ အမှတ်(၄)ရပ်ကွက်(ပြင်ဝန်း) အလယ်တန်းကျောင်း(ခွဲ)တွင် ပညာရေးစုံညီပွဲတော် ပဒေသာကပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ အမှတ်(၄)ရပ်ကွက်(ပြင်ဝန်း) အလယ်တန်းကျောင်း(ခွဲ)တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် ပဒေသာကပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက အဆိုပါကျောင်းရှေ့ အားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

­ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန် အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်သည်။

မာန်အောင်မြို့ ရန်အောင်မြင်ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် ကျင်းပ

ရခိုင်ပြည်နယ် မာန်အောင်မြို့ ရန်အောင်မြင်ရပ်ကွက်အခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီက အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။

ရသေ့တောင်မြို့တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသူ/ကျောင်းသားများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်း( Booster dose)ထိုးနှံ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသူ၊ ကျောင်းသားများအား ကိုဗစ်- ၁၉ ရောဂါထပ်ဆောင်း (Booster dose) ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းမြို့နယ်ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့်အဖွဲ့ဝင်များက အားပေးကြည့်ရှုခဲ့ကြသည်။
Subscribe to ရခိုင်ပြည်နယ်