ရခိုင်ပြည်နယ်

အမ်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌ ခရိုင်/မြို့နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်လဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့နှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း(၂၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်း အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းပညာရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။

ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၌ ဝန်ထမ်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း ဖွင့်လှစ်

ရခိုင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးသင်တန်းခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်ကြည်ဝင်းနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ကျောက်ဖြူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းထုတ်ပြန်

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများစာရင်းအား မြန်မာနိုင်ငံ တစ်ဝှမ်းရှိ မြို့နယ်ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ယနေ့ နံနက်ပိုင်းမှစတင်၍ ထုတ်ပြန် လျက်ရှိရာ ကျောက်ဖြူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးရှင် တစ်ဦးနှင့် အောင်ချက်ရာခိုင်နှုန်း ၆၀.၇၁ ရာခိုင်နှုန်းအထိရှိသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အခွန်ကောက်ခံရရှိမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့ နယ်နိမိတ်အတွင်းနှင့် နယ်နိမိတ်ပြင်ပတို့တွင် ရောင်းချလျက်ရှိသည့် ဈေးဆိုင်များမှ အခွန်ကောက်ခံရရှိမှုနှင့် တိုးချဲ့ကောက်ခံမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများ တက်ရောက်ကြသည်။

ကျိန္တလီမြို့တွင် စာဖတ်ရှိန် မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း ဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် စာဖတ်ရှိန် မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က ကျန်းမာရေးဌာနမှ ဝန်ထမ်းများအား အခမဲ့ ငှားရမ်းပေးခဲ့သည်။

ကျောက်ဖြူမြို့၌ အမှတ်(၃)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အမှတ် (၃) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ် (၃) အခြေခံပညာအထက် တန်းကျောင်းရှိ စန္ဒကူးခန်းမတွင် ကျင်းပပြုလုပ်သည်။

အမ်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ (၅) ဘာသာဂုဏ်ထူးရှင် (၁) ဦး အပါဝင် ဂုဏ်ထူးရှင် ကျောင်းသားကျောင်းသူ (၅၄) ဦးဖြေဆိုအောင်မြင်သူ (၃၆၈) ဦးရှိ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် (၂၀၂၃-၂၀၂၄) ပညာ သင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဖြေဆိုကြသော ကျောင်းသား/သူများတွင် (၅) ဘာသာဂုဏ်ထူးရှင် (၁) ဦးအပါအဝင် ဂုဏ်ထူးများဖြင့် အောင်မြင်ကြသော ကျောင်းသား/သူ (၅၄) ဦးရှိကာ အောင်မြင်သူ စုစုပေါင်း (၃၆၈) ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်းအနေဖြင့် (၅၅.၅၁) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အမ်းမြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။

တောင်ကုတ်မြို့နယ်၌ ၂၀၂၄ ခုနှစ် အစိုးရနိကာယ်စာမေးပွဲကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက နှစ်စဉ်ကျင်းပမြဲဖြစ်သော ၂၀၂၄ ခုနှစ်၊ နိကာယ်စာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်မှစ၍ ဖောင်တော်ဦးစေတီတော်ရှိ မဟာဝိဇယဓမ္မာရုံတွင်ကျမ်းစာများအလိုက် စတင်ဖြေဆိုလျက်ရှိသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်များသို့ ပိဋကသုံးပုံစာအုပ်များ သွားရောက်လှူဒါန်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်အကြီးအကဲက လှူဒါန်း သည့် ဆဋ္ဌသံဂါယနာမူပိဋကသုံးပုံပါဠိတော် ကျမ်းစာအုပ်များကို ရခိုင်ပြည်နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များသို့ လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် အစိုးရအဖွဲ့ဝင်များက စစ်တွေမြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်များသို့သွားရောက် လှူဒါန်းကြသည်။
Subscribe to ရခိုင်ပြည်နယ်