ပေါက်တောမြို့နယ် သစ်ပုတ်ကျေးရွာ၌ မြေသားရေကန်တူးဖော်ခြင်း ခြံစည်းရိုးကာရံ
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် သစ်ပုတ်ကျေးရွာ၌ ရေဖူလုံစွာ ရရှိရန် ရည်ရွယ်၍ မြေသားရေကန်တူးဖော်ခြင်း၊ ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ဦးစီးမှူး ဦးသန်းထွန်း၊ တာဝန်ခံအင်ဂျင်နီယာ၊ ကျေးရွာကော်မတီဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးကြသည်။