ရခိုင်ပြည်နယ်

သံတွဲမြို့၌ တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာကာရိက၊ သုတဗုဒ္ဓသာသနာ့အာဇာနည်(၈)ပါး ပူဇော်ပွဲကျင်းပရေးညှိနှိုင်းဆွေးနွေး

ရခိုင်ပြည်နယ်၊ သံတွဲမြို့နှင့် ငပလီမြို့သူ/ မြို့သားများစုပေါင်းကျင်းပမည့် တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာကာရိက၊ သုတဗုဒ္ဓသာသနာ့အာဇာနည်(၈)ပါး ပူဇော်ပွဲကျင်းပရေး ဒုတိယအကြိမ်ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ပေါက်တောမြို့၌ နယ်လှည့်ဆေးကုသရေးအဖွဲ့ရောက်ရှိမည့်ကိစ္စရပ်နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ နယ်လှည့်ဆေးကုသရေးအဖွဲ့ရောက်ရှိမည့် ကိစ္စရပ်နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

မြေပုံမြို့ Community Centre ခန်းမ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး Talk Show ပြုလုပ်

ရခိုင်ပြည်နယ်၊   မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နေ့လ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍စားသုံးသူကာကွယ် ရေးဆိုင်ရာ အသိပညာပေး   Talk Show စကားဝိုင်းပြုလုပ်သည်။

ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်းရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများသည် ဂုံးချွိန်ကျေးရွာအုပ်စုရှိ ကျောက်တစ်လုံး IDPs စခန်းမှ အခြေခံပညာမူလတန်းလွန်ကျောင်းသို့သွားရောက်ပြီး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

ကျောက်တော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်များ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို အဆိုပါခန်းမအတွင်း ယနေ့မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မီးတိုက်ကျေးရွာ အခြေခံပညာအလယ်တန်း(ခွဲ) ကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့မွန်းတည့်(၁၂)နာရီက အဆိုပါ ကျောင်းခန်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး  Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျိန္တလီမြို့ အ-ထ-က ကျောင်းနှင့် စည်ပင်ရုံးဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့သည်။

ဂွမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကလေးငယ် (၃၅၆၉)ဦးအား ထပ်ဆောင်းကာကွယ်ဆေး ( Booster ) ထိုးနှံပြီးစီး

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး (Booster) ထိုးနှံပေးခြင်းကို ဇန်နဝါရီ ၁၇ ရက်မှစတင်၍  ကျောင်းများအလိုက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိ  မြို့နယ်အတွင်း၌  ကျောင်းသား၊ ကျောင်းသူ(၃၅၆၉)ဦး ထိုးနှံပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ကျောက်တော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကဗျာရွတ် ပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကဗျာရွတ်ပြိုင်ပွဲကို ယနေ့ နေ့လယ်(၁) နာရီအချိန်က အဆိုပါခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်