ကျောက်ဖြူမြို့၌ အခြေခံပညာမူလတန်းဆင့်သင် ဆရာ၊ဆရာမများ လုပ်ငန်းခွင်အကြိုရက်တိုသင်တန်းဖွင့်လှစ်ပို့ချ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၂-၂၀၂၃ ခုနှစ်ပညာသင်နှစ်အတွက် အခြေခံပညာမူလတန်းဆင့်သင် ဆရာ၊ဆရာမများလုပ်ငန်းခွင်အကြိုရက်တိုသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီက မြို့နယ်ပညာရေးမှူးရုံးရှိ ကုမုဒြာခန်းမတွင်ကျင်းပပြုလုပ်သည်။