ပေါက်တောမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အမျိုးသား ပိုက်ကျော်ခြင်းနှင့် အမျိုးသား အမျိုးသမီးလွန်ဆွဲပြိုင်ပွဲဆုပေးပွဲကျင်းပ
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားပိုက်ကျော်ခြင်းဗိုလ်လုပွဲ၊ အမျိုးသား၊ အမျိုးသမီးလွန်ဆွဲပြိုင်ပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက် ၉ နာရီက ပေါက်တောရွှေမြေအားကစားကွင်းနှင့် အားကစားခန်းမတို့တွင် ကျင်းပပြုလုပ်သည်။