သံတွဲမြို့၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲ၊ ရောင်းချပွဲနှင့် တေးဂီတဖျော်ဖြေပွဲ လာရောက်ကြည့်ရှုသူများဖြင့် စည်ကား
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲ၊ ရောင်းချပွဲနှင့် စင်တင်တေးဂီတ စတုတ္ထနေ့ ဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၁၂ ရက်နေ့ ည ၇ နာရီက သံတွဲမြို့မအားကစားကွင်း၌ ကျင်းပလျက်ရှိရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးပြီး ဒေသခံဝါသနာရှင်များ၏ STAR MUSIC BAND နှင့် The One Music Band စင်တင်တေးဂီတအဖွဲ့များ၏ ဖျော်ဖြေတင်ဆက်မှုများကိုလည်း ကြည့်ရှုအားပေးခဲ့သည်။