ရခိုင်ပြည်နယ်

ဘူးသီးတောင်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၆)ရပ်ကွက်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

လူငယ်နဲ့ပေါင်းသင်းဆက်ဆံရေးခေါင်းစဥ်ဖြင့်အသိပညာပေး (Talk Show) ပြုလုပ်

ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူလူထုများအတွက် အသိပညာဗဟုသုတပေးခြင်း အစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲ ၂ နာရီက လူငယ်နဲ့ပေါင်းသင်းဆက်ဆံရေးခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခြင်းအစီအစဉ်ကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြုလုပ်သည်။

အမ်းမြို့နယ်၌ (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများအား နံရံကပ်ပြဘုတ်တွင်ပြသ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ နံရံကပ်ပြဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှု အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများကို ကျောင်းသားကျောင်းသူများ၊ ပြည်သူများ လေ့လာကြည့်ရှုနိုင်ရန် ယနေ့နံနက်(၉)နာရီအချိန်တွင် ပြသခဲ့သည်။

မအီမြို့တွင် ရှေးဟောင်းသမိုင်းဝင် မြတ်စွာရေမြစ်စေတီရင်ပြင်တော် ကြွေပြားခင်းခြင်းလုပ်ငန်းများ စတင်ခင်းကျင်း

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့အနီးရှိ အမ်း-မအီ လမ်းမဘေး၌ တည်ထားကိုးကွယ်သည့် ရှေးဟောင်းသမိုင်းဝင် မြတ်စွာရေမြစ်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ကြွေပြားခင်းခြင်းလုပ်ငန်းများကို မိုးတွင်းကာလတွင် ယာယီရပ်နားထားခဲ့ရာမှ ပွင့်လင်းရာသီ ယခုကာလတွင် ၎င်းလုပ်ငန်းများအား ပြန်လည်စတင်ခင်းကျင်းနေပြီဖြစ်ကြောင်း သိရသည်။

ရသေ့တောင်မြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရခိုင်ရိုးရာကျင်ပွဲဆုပေးပွဲကျင်းပ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရခိုင်ရိုးရာ “ကျင်” အားကစားပြိုင်ပွဲကို ရသေ့တောင်မြို့၊ တောင်ရင်းတန်းရပ်ကွက်၊ စေတီတောင်ဘုရားကွင်း၌ ကျင်းပလျက်ရှိရာ ၂၀၂၃ ဖေဖော်ဝါရီ ၁၂ ရက်၁နာရီခွဲအချိန်တွင်စတင်ကျင်းပခဲ့ရာ ဒုတိယနေ့အဖြစ် ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ ယမန်နေ့ညနေ ၅ နာရီချိန်တွင် အောင်မြင်စွာပြီးဆုံးခဲ့သည့် ကျင်အားကစားပြိုင်ပွဲတွင်(က)မြို့ပေါ်အငယ်တန်းအဆင့်ပြိုင်ပွဲ၌ ကျင်သန်(၃၂)ဦးပါဝင် ယှဉ်ပြိုင်ခဲ့ပြီးရွှေမောင်းပထမဆုကိုသိန်းဇော်(အရှေ့တောင်)နှင့် ရွှေမောင်းဒုတိယဆုကို မျိုးချစ်(အရှေ့တောင်)တို့ကလည်းကောင်း၊(ခ) မြို့ပေါ်အကြီးတန်းအဆင့်ပြိုင်ပွဲ၌ ကျင်သန် (၁၆) ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရွှေမောင်းပထမဆုကို အောင်ဝေသန်း(အရှေ့တောင်)နှင့် ရွှေမောင်းဒုတိယဆုကို ကရင်ချေ(အရှေ့တောင်)တို့ကလည်းကောင်း၊(ဂ) မြို့နယ်ခြားတတိယ တန်းအဆင့်ပြိုင်ပွဲ၌ ကျင်သန် (၁၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရွှေမောင်းပထမဆုကို လပြည့်(ပေါက်တောပြင်၊ ပဏမြို့နယ်)နှင့် ဒုတိယဆုကို ဝင်းနိုင်စိုး(ပိုးရွှီပြင်၊ပုဏ္ဏားကျွန်းမြို့နယ်)ကလည်းကောင်း၊ (ဃ) မြို့နယ်ခြား ဒုတိယတန်းအဆင့်ပြိုင်ပွဲ၌ ကျင်သန်(၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရွှေမောင်း ပထမဆုကို လင်းလင်း(ရဟတ်တောင်၊ ပုဏ္ဏားကျွန်းမြို့နယ်)နှင့် ဒုတိယဆုကို ထွန်းလင်း (ပိုးရှီပြင်၊ပုဏ္ဏားကျွန်းမြို့နယ်)ကလည်းကောင်း အသီးသီးရရှိခဲ့သည်။

ရသေ့တောင်မြို့နယ်၌ ဆင်ခြေထောက်ရောဂါကင်းဝေးရေး သန်ချဆေးပေါင်းတိုက် ကျွေးခြင်းကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌ ဆင်ခြေထောက်ရောဂါကင်းဝေးရေးအတွက် ဆေးသုံးမျိုး ပေါင်း တိုက်ကျွေးခြင်းလုပ်ငန်းကို ယမန်နေ့နေ့လယ်ပိုင်းမှစတင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်း များ၊ မြို့နယ်မီးသတဦးစီးဌာနမှ ဝန်ထမ်းများ၊ရာအိမ်မှူးဆယ်အိမ်မှူးများ၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာ၊ ကြက်ခြေနီအသင်း နှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများက ကွင်းဆင်းတိုက်ကျွေးလျက် ရှိကြောင်း​သိရသည်။အဆိုပါ ဆင်ခြေထောက်ရောဂါကာကွယ်ဆေးကို သောက်ခြင်းအားဖြင့် ဆင်ခြေထောက်ပိုးရှိသူများ၊ ရောဂါငုပ် နေသူများအတွက် ရောက်ဂါကုသပြီးရာရောက်ခြင်း၊ ရောဂါပိုးမရှိသူများ သောက်လျှင် ဆေးအာနိသင်ကြောင့် ရောက်ဂါကာကွယ်ပြီးသားဖြစ်သည့်အပြင်၊ သန်ကောင်၊ တုတ်ကောင်များကို နှိမ်နှင်းရာတွင်လည်း အလွန်ပင် ထိရောက်ပါကြောင်း ပြည်သူ့ကျန်းမာရေးဌာနမှ ငှက်ဖျား(အက်စပက်တာ) ဦးချစ်တင်ထံမှ သိရသည်။

မြောက်ဦးမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများကို တောင်ရပ် ရပ်ကွက် မြို့မဈေးကျောင်း၌ ယနေ့ နံနက် ၁၁ နာရီကအချိန်က အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ကျောက်ဖြူ၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့မှူးရုံးသို့သွားရောက်၍ စာအုပ်၊စာစောင်များ အခမဲ့ငှားရမ်းခဲ့သည်။

အမ်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင်အတန်းများအလိုက် ကျောင်းတွင်းစစ်စာမေးပွဲအေးချမ်းစွာဖြေဆို

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းများတွင် အတန်းအလိုက် ကျောင်းတွင်းစစ် စာမေးပွဲဖြေဆိုခြင်းကို ယမန်နေ့ နံနက်ပိုင်းက အလယ်တန်းအဆင့်များကိုတစ်ရက်နှစ်ဘာသာ အထက်တန်းအဆင့် တစ်ဘာသာ နှုန်း​ဖြင့်စတင် ကျင်းပခဲ့သည်။

ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ်ဓာတ်ပုံများ ပြသ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် ဓာတ်ပုံပြပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက် နံရံကပ်ပြဘုတ်ဖြင့် ပြသကြသည်။
Subscribe to ရခိုင်ပြည်နယ်