မြောက်ဦးမြို့၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊မြောက်ဦးမြို့၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် အောင်တပ်ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ သွားရောက်ပြီး တစ်အိမ်တက်ဆင်း စစ်ဆေးခြင်းနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးရှိစေရေး အသိပညာပေး ဆောင်ရွက်ခြင်းအား မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဝင်း မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါ ရပ်ကွက်များသို့ ရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။