ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သံတွဲခရိုင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက သံတွဲခရိုင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ဂွမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းများဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ ငှားရမ်းပေးခဲ့သည်။

အ.ထ.က(ပေါက်တော)၌ အလယ်တန်းဆင့်(Grade-9)ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများအား ရှင်းလင်း

ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့ (အ.ထ.က)၌ အလယ်တန်းဆင့်(Grade-9)ပြီးမြောက် အောင်မြင်သောကျောင်းသား ကျောင်း သူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ ရှင်းလင်းပြောကြားခြင်းအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက အဆိုပါကျောင်းရှိ စုပေါင်းခန်းမတွင် ရှင်းလင်းပြောကြားသည်။

အမ်းမြို့ မြို့မစည်ပင်သာယာဈေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြမီးငြှိမ်းသတ်ပွဲ ကျင်းပ

ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့အမ္ဗနဒီ မြို့မစည်ပင်သာယာဈေး၌ မီးဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးဘေးအန္တရာယ် အသိပညာ​ပေး​ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမ္ဗနဒီမြို့မစည် ပင်သာယာဈေးရှိ ဈေးဆိုင်များ၊ ဈေးရုံတန်းများအနီးတွင် ဆောင်ရွက်ခဲ့သည်။

မာန်အောင်မြို့နယ် တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန(၂)ခုတွင် ကျောင်းသား/သူ(၄၂၃)ဦး ဝင်ရောက်ဖြေဆို

ရခိုင်ပြည်နယ် တောင်ကုတ်ခရိုင် မာန်အောင်မြို့နယ်မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၄၂၃)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တပ်ဦးချောင်းအုပ်စုအတွင်းရှိကျေးရွာများတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တပ်ဦးချောင်းအုပ်စုအတွင်းရှိ ကျေးရွာများတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကံပြင်သာစည်ကျေးရွာနှင့် ကံသာယာကျေးရွာတို့တွင်  ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါက်တောမြို့၌ ရခိုင်မျိုးနွယ်စုတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဝတ်စားဆင်ယင်ဓာတ်ပုံပြပွဲကျင်းပ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၊ Youth For All အဖွဲ့အစည်းမှကြီးမှူးပြီး ရခိုင်မျိုးနွယ်စုတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဝတ်စားဆင်ယင်ဓာတ်ပုံပြပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အားကစားခန်းမ၌ ပြုလုပ်ကြသည်။

ပေါက်တောမြို့၌ လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show)ဆောင်ရွက်

ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူလူထုများအတွက် အသိပညာဗဟုသုတပေးခြင်းအစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က “လူငယ်နဲ့ပေါင်းသင်းဆက်ဆံရေး” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခြင်းအစီအစဉ်ကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်သည်။

ပေါက်တောမြို့၌ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား U-25 ရပ်ကွက် ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပမည်

ပေါက်တောမြို့၌ ၂၀၂၃ ခုနှစ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား U-25 ရပ်ကွက် ကလပ်ပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲကို တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးကို အပြည့်အဝအထောက်အကူပြုစေရန်၊ အားကစားပွဲတော်မှ ထွက်ပေါ်လာမည့်ထူးချွန် အား ကစားသမားများမှသည် နိုင်ငံတော်အတွက်အားထားရသော မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ပေါက်တောမြို့ရှိ  ပေါက်တောရွှေမြေအားကစားကွင်း၌ ဖေဖော်ဝါရီ ၂၅ ရက်တွင်စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးမြမင်းထွန်းထံမှ သိရသည်။
Subscribe to ရခိုင်ပြည်နယ်