မအီမြို့တွင် ဒေသထွက် ဓနိဖက်ထိုးလုပ်ငန်း လုပ်ကိုင်သူများ အပိုဝင်ငွေရရှိ
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် မြို့ပေါ်ရပ်ကွက်များနှင့် ရေငံပိုင်းကျေးရွာများရှိ ဒေသခံများမှာ တစ်နိုင်တစ်ပိုင် ဒေသထွက် ဓနိဖက်ထိုးခြင်း လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။