ဘူးသီးတောင်မြို့၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောခြင်းနှင့် စစ်ဆေးအကြံပြုခြင်းများဆောင်ရွက်
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ မီးငြှိမ်းသတ်နည်း သရုပ်ပြ လေ့ကျင်းပေးခြင်းနှင့် မြို့နယ်ပြည်သူ့ဆေးရုံအား လိုက်လံကြည့်ရှု စစ်ဆေးအကြံပြုခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။