မြောက်ဦးမြို့၌ ကိုးသောင်းပုထိုးတော်ကြီး ပထမဆုံးအကြိမ်မြောက် ဗုဒ္ဓပူဇနိယျပွဲတော်ကျင်းပမည်
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ ရခိုင်ရှေးဟောင်းယဉ်ကျေးမှု သမိုင်းဝင်အမွေအနှစ် ကိုးသောင်းပုထိုးတော်ကြီးကို ပထမဆုံးအကြိမ်မြောက် ဗုဒ္ဓပူဇနိယျပွဲတော်ကို မတ်လ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ၃ ညတိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။