ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ စစ်ဆေးနေစဉ်ကာလအတွင်း ကျောင်းသားကျောင်းသူများ စာမေးပွဲကို အေးချမ်းစွာဖြင့် အောင်မြင်ချောမွေ့စွာ ကျင်းပပြီးစီးနိုင်ရေး၊ မသမာမှုကင်းရှင်းရေး၊ လုံခြုံရေးလျော့နည်းမှုဖြစ်စဉ်များ မဖြစ်ပေါ်စေရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းစေရေးတို့အတွက် မတ်လ(၅)ရက်နေ့က ထုတ်ပြန်ထားရှိသည့် ဒေသန္တရအမိန့်အား လိုက်နာဆောင်ရွက်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ည(၉)နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးဦးကျော်ပု ဦးဆောင်၍ မအီနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ချစ်ထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ကြီးကြပ်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့် ပူးပေါင်းအဖွဲ့က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။