တပ်မတော်နယ်လှည့် အခမဲ့ ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွင် အလှူငွေများ ထည့်ဝင်ပေးကြသည့် စေတနာရှင်များနှင့် ပါဝင်ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုပွဲ ကျင်းပ
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ တပ်မတော်နယ်လှည့် အခမဲ့ ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွင် အလှူငွေများ ထည့်ဝင်ပေးကြသည့် စေတနာရှင်များနှင့် ပါဝင်ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့၊ မွန်းလွဲ(၂)နာရီက ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။