ကျောက်ဖြူမြို့၌ (၂၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ဆောင်းပါးနှင့် ပိုစတာပြိုင်ပွဲ ကျင်းပ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ (၂၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူး ယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပန်းချီ၊ ကာတွန်း၊ ဆောင်းပါးနှင့် ပိုစတာပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။