ပေါက်တောမြို့၌ ယာဉ်ကြောကျပ်တည်းမှုကိုဖြေရှင်းနိုင်ရန် တစ်လမ်းမောင်းစနစ် ကျင့်သုံးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ စည်ပင်သာယာနယ်နိမိတ်အတွင်း ယာဉ်ကြောကြပ်တည်းမှုကို ဖြေရှင်းနိုင်ရန်၊ ယာဉ်အသုံးပြုသွားလာနေသူများ လမ်းသွား လမ်းလာပြည်သူများ စိတ်ချမ်းမြေ့စွာ သွားလာနိုင်စေရန်နှင့် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရန် ရည်ရွယ်၍ မြို့နယ်တစ်လမ်းမောင်းစနစ်ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးခြင်းကို ယနေ့ နံနက်(၇)နာရီက ဆောင်ရွက်ခဲ့သည်။