ဘူးသီးတောင်မြို့၌ အသက်(၅ဝ)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး( ပဉ္စမအကြိမ် )စတင်ထိုးနှံ
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့ပေါ်ရပ်ကွက်များရှိအသက်(၅၀)နှစ်မှအထက်ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများအားကိုဗစ်-၁၉ ကာကွယ်ဆေး(ပဉ္စမအကြိမ်) စတင်ထိုးနှံခြင်းကို ယနေ့နံနက် ၉နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။