မအီမြို့တွင် နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အထိမ်းအမှတ် ရခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲ ကျင်းပ
နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အထိမ်းအမှတ် ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲကို မြို့မဗဟိုမဏ္ဍပ်ဖြစ်မြောက်ရေးကော်မတီ မအီမြို့ပေါ်လူငယ်များ၊ အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ ယနေ့ညနေပိုင်းက အ.ထ.က(မအီ) အားကစားကွင်း မြို့မဗဟိုမဏ္ဍပ်ရှေ့တွင် ကျင်းပခဲ့သည်။