မအီမြို့၌ မဟာသင်္ကြန်အကြတ်နေ့ အတာရေသဘင်ပွဲ အေးချမ်းပျော်ရွှင်စွာဆင်နွှဲ
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် မဟာသင်္ကြန်အကြတ်နေ့၌ မအီမြို့အ.ထ.ကရှေ့ မြို့မဗဟိုမဏ္ဍပ်နှင့် မအီနယ်မြေရဲစခန်းမိသားစုမှ ကြီးမှူးဖွင့်လှစ်သည့် "မေတ္တာရိပ်" ရေကစားမဏ္ဍပ်တို့၌ ကပြသီဆိုဖျော်ဖြေမှုများနှင့်အတူ မြန်မာ့ရိုးရာယဉ်ကျေးမှုအတာသင်္ကြန်ရေသဘင်ပွဲကို အေးချမ်းပျော်ရွှင်စွာဆင်နွှဲကြသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။