ရခိုင်ပြည်နယ်

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် အလွန့်အလွန် အင်အားပြင်းထန်သော မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွားသော ဓာတ်အားလိုင်းများ ပြင်ဆင်နေမှု နှင့် လမ်းမီးထွန်းညှိဆောင်ရွက်ပေးသွားမည်

၂၀၂၃ ခုနှစ်၊ မေလ ( ၁၄ ) ရက်နေ့တွင် တိုက်ခတ်ခဲ့သော အလွန့်အလွန်အင်အား ပြင်းထန်သော မိုခါ မုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ စစ်တွေခရိုင်၊ မောင်တောခရိုင်၊ မြောက်ဦးခရိုင်တို့တွင် ၁၁ ကေဗွီဓာတ်အားလိုင်းများ၊ ၁၁/၀.၄ ကေဗွီ ဓာတ်အားခွဲရုံများ၊ ၄၀၀ ဗို့ဓာတ်အားလိုင်းများ ထိခိုက်ပျက်စီးခဲ့ပါသည်။ ၂၃၀ ကေဗွီ အမ်း-ပုဏ္ဏားကျွန်း ဓာတ်အားလိုင်းအပါဝင် ၆၆ ကေဗွီ စစ်တွေ၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောဓာတ်အား လိုင်းများနှင့် ၃၃ ကေဗွီ မြေပုံ၊ ပေါက်တော ဓာတ်အားလိုင်းများလည်း ထိခိုက်ပျက်စီးခဲ့ရပြီး ဓာတ်အားပြတ်တောက်လျက်ရှိသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ မုန်တိုင်းဘေးကြောင့် လေဘေးသင့် ပျက်စီးဆုံရှုံးခဲ့သော ကျေးရွာများတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျောင်းအပ်လက်ခံ နေမှု အခြေအနေများအား တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး

ရခိုင်ပြည်နယ် မောင်တောမြို့၌ မုန်တိုင်းဘေးကြောင့် လေဘေးသင့် ပျက်စီးဆုံရှုံးခဲ့သော ကျေးရွာများကို ပြန်လည်ထူထောင်ရေး ကိစ္စရပ်များတွင် ပါဝင်သည့် တာဝန်ရှိသူများသည် ယနေ့နေ့လည်ပိုင်းက ကျေးရွာများအတွင်း ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျောင်းအပ်လက်ခံနေမှု အခြေအနေများအား တာဝန်ရှိသူ များက မြေပြင်ကွင်းဆင်း ကြည့်ရှုခဲ့ကြသည်။

"မိုခါ" ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ်အောင်သူ​ဦး မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် (မိုခါ) ဆိုင်ကလုန်းမုန်တိုင်းအပြီး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် (၂) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ကျေးရွာအုပ်စုများသို့ ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများနှင့် စားနပ်ရိက္ခာများ ဆက်လက်ထောက်ပံ့

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ကျေးရွာအုပ်စုများသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနက လှူဒါန်းပေးသော ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများနှင့် စားနပ်ရိက္ခာများကို ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် ဆက်လက်ထောက်ပံ့ ပေးလျက်ရှိသည်။

ကျောက်ဖြူမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် ပညာရေးမှူး နှင့် ဆရာ၊ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား၊ကျောင်းသူများနှင့် အုပ်ထိန်းသူမိဘများ တက်ရောက်သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်တို့ ပူးပေါင်း၍ လူငယ်များ ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်အဖြစ် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

နိုင်ငံ့တစ်ဝန်း လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်များအဖြစ် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်လျက်ရှိကြရာ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ သင်တန်းကျောင်းရှိ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့​သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော် ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်သည် ယနေ့နံနက် ၉ နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ ဝဏ္ဏကျော်ထင်စဝ်ခွန်ဆမ်ခန်းမတွင် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့်အဖွဲ့ဝင်များ၊ ရှေ့တန်းအမှတ် (၁)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးကြီးမင်းမောင်၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့သည်။

ကျိန္တလီမြို့ Community Centre ခန်းမတွင်  စာပေချစ်မြတ်နိုးသူများအသင်း Women Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် စာပေချစ်မြတ်နိုးသူများအသင်းနှင့်ပူးပေါင်း၍ စာရေးဆရာ ပုညခင်၏ “အောင်မြင်မှု၊ ဘဝနှင့် ချစ်ခြင်းမေတ္တာ အတွေးစာစုများ” စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လည်ပိုင်းက စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

ကျိန္တလီမြို့၌ လူငယ်ရေးရာ လူကုန်ကူးမှုအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ လူငယ်ရေးရာ လူကုန်ကူးမှု အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်