မြေပုံမြို့၌ ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေး ပြန်လည်ထူထောင်ရေးကော်မတီနှင့် အလှူရှင်များ ထောက်ပံ့သော စားရေးရိက္ခာများအား လေဘေးသင့်ပြည်သူများလက်ဝယ်သို့ စနစ်တကျအမြန်ရောက်ရှိရေး ညှိနှိုင်းဆွေးနွေးပေါင်းစပ်ဆောင်ရွက်
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်သို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေး ပြန်လည်ထူထောင်ရေးကော်မတီနှင့် အလှူရှင်များ ထောက်ပံ့သော စားရေးရိက္ခာများ သယ်ဆောင်လာသော ပြည်တွင်းရေကြောင်းပိုင် ကုလားတန်(၆)သင်္ဘောသည် ယမန်နေ့နံနက် (၈)နာရီ (၃၀)မိနစ် အချိန်က မြေပုံမြို့၊ ငုပင်လယ်ဆိပ်ကမ်းသို့ရောက်ရှိပြီး မြို့နယ်သဘာဝဘေး ပြန်လည်ထူထောင်ရေး ကော်မတီဝင်တို့က စားရေးရိက္ခာများအား ဖွင့်ဖောက်စစ်ဆေးလက်ခံရယူပြီး အ.ထ.က (မြေပုံ)၊ ဦးစိန္တာခန်းမသို့ ပြောင်းရွှေ့သည်။