ရခိုင်ပြည်နယ်

မင်းပြားမြို့နယ်၌ ရေသန့်စင်ကားဖြင့် သောက်သုံးရေဖြန့်ဝေပေးနေမှုအား ကွင်းဆင်းကြည့်ရှု

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းနှင့် တာဝန်ရှိသူများသည် မင်းပြားမြို့နယ်တွင် မိုခါမုန်တိုင်းကြောင့် သောက်သုံးရေခက်ခဲသော ရပ်ကွက်များသို့ ရေသန့်စင်ကားဖြင့် သန့်ရှင်းသော သောက်သုံးရေ ဖြန့်ဝေပေးနေမှုအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဒုတိယဗိုလ်ချုပ်ကြီး လူအေး၊ ကျောက်ဖြူမြို့ မိုးရာသီအုန်းပင်စိုက်ပွဲတော် အခမ်းအနားတက်‌ရောက်၊ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့မှ ပြည်သူများကို အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအား ကြည့်ရှုအားပေး

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့အဝင် ပင်လယ်ကမ်းခြေနေရာ၌ ကျင်းပပြုလုပ်သည့် မိုးရာသီ အုန်းပင်စိုက်ပွဲတော်အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့ (၆)မှ ဒေသခံပြည်သူများကို အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအား သွားရောက် ကြည့်ရှုအားပေးသည်။

မအီမြို့နယ်တွင် မိုးရာသီ သီးနှံမျိုးစုံ (၃၁၈၆၇)ဧက လျာတားစိုက်ပျိုးမည်

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မအီမြို့နယ် ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် စိုက်ပျိုးရေးကို အဓိကအားထား လုပ်ကိုင်သူများဖြစ်ရာ ယခုနှစ်တွင် မိုးရာသီ သီးနှံမျိုးစုံ (၃၁၈၆၇)ဧကကို လျာတားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မအီမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဂွမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေများကိုတန်ဖိုးထား ချစ်မြတ်နိုးတတ်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို သိရှိနားလည်စေရန် ရည်ရွယ်ပြီး မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်းကို ယနေ့ မွန်းတည့်(၁၂)နာရီက ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

ဂွမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါက်တောမြို့ အ.ထ.က ပေါက်တောကျောင်း၌ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အဦ အပိုင်းအစများအား ရှင်းလင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊​ စစ်တွေခရိုင်၊ ​ပေါက်တောမြို့ ၌ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) လေပြင်းတိုက်ခတ်မှုကြောင့် အ.ထ.က ပေါက်တောကျောင်းဝင်းအတွင်း၌ ပျက်စီးသွားသည့် အဆောက်အဦအပိုင်းအစများအား ရှင်းလင်းရေးကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ငပလီ​မြို့၌ စာဖတ်ရှိန် မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် စာအုပ်၊စာစောင်များ အခမဲ့ ငှားရမ်းပေး

ရခိုင်ပြည်နယ် ၊ သံတွဲခရိုင်၊ ငပလီမြို့၌ စာဖတ်ရှိန် မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့​နေ့လည် (၁၂း၀၀) နာရီအချိန်က ငပလီမြို့ စျေးဆိုင် တန်းမှ စာဖတ်ပရိတ်သတ်များအား အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး Talk Show ပြုလုပ်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး Talk Show ကို ယမန်နေ့နေ့လယ်(၁၂)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဂွမြို့   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  Community    Centre  ခန်းမတွင်စာပေချစ်မြတ်နိုးသူများနှင့်စာဖတ်ဝိုင်း  ပြုလုပ်

ရခိုင်ပြည်နယ်၊  သံတွဲခရိုင်၊   ဂွမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများပါဝင်သည့် Youth Club အဖွဲ့ဝင်များက ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀)၊ အမှတ်(၉)ပါ မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)ရေးသားသည့် "တစ်ဦးချင်း စွမ်းဆောင်ရည်မှသည် ထိရောက်အကျိုးရှိသော အဖွဲ့အစည်းသို့" ဆောင်းပါးဖြင့် ယနေ့မွန်းလွဲ ၁ နာရီ၌ စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခဲ့သည်။

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့ရသည့် စစ်တွေမြို့နှင့် အနီးပတ်ဝန်းကျင် ဒေသရှိပြည်သူများ၊ အာမခံအလုပ် သမားများကို ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှဉီးဆောင်၍ ရွေ့လျားဆေးကုသယာဉ် MMU ဖြင့် ဆိုင်ကလုန်းမုန်တိုင်းမိုခါ(MOCHA)ကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့ရသည့် စစ်တွေမြို့နှင့်အနီး ပတ်ဝန်းကျင်ဒေသရှိပြည်သူများ၊ အာမခံအလုပ်သမားများကို ကျန်းမာရေးစောင့် ရှောက်မှုပေးနိုင်ရန် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ဉီးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ ပါဝင်သောရွေ့လျားဆေးကုသယာဉ် MMU (၁)စီးဖြင့် ဇွန်လ ၃ ရက်‌နေ့နံနက်ပိုင်းမှစတင်၍ သတ်မှတ် စုရပ်နေရာများတွင် ကွင်းဆင်းဆေးကုသခြင်းကိုဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ထိ ၁၁၅၁ ဦး အား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်