ရခိုင်ပြည်နယ်

ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများမြို့ သန့်ရှင်းသာယာလှပရေး စုပေါင်း ဆောင်ရွက်နေမှုနှင့် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပြည်သူများအား (အခမဲ့) ဆေးကုသ ပေးနေမှု အားသွားရောက်ကြည့်ရှုအား

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် အတွင်းပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်(၈)နာရီ အချိန်ကဘူးသီးတောင်မြို့ အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ အမှိုက်များရှင်းလင်းခြင်း၊ ရေမြောင်းများအား ရေစီး/ရေလာ ကောင်းမွန်စေရေး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်နေပြည်သူလူထုများ မှရှင်းလင်း ဆောင်ရွက်နေခြင်းအား သွားရောက်ကြည့်ရှုကာ

မိုခါမုန်တိုင်းသင့်ပြည်သူများအား မင်းပြားမြို့နယ်၌ တိုင်းရင်းဆေးဖြင့် အခမဲ့ကွင်းဆင်း ဆေးကုသပေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် မိုခါမုန်တိုင်းသင့်ပြည်သူများအား ရခိုင်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြောက်ဦးခရိုင်တိုင်းရင်း ဆေးပညာဦးစီးဌာန၊ မင်းပြားမြို့နယ်ဆေးကုသရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ဇွန်လ ၁၆ ရက်နေ့လယ် ၁၂နာရီအချိန်က မော်ရွာကျေးရွာ၌အခမဲ့ဆေးကုသခြင်းလုပ်ငန်းအားဆောင်ရွက်ခဲ့ကြသည်။

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့ ပင်လယ်ကမ်းခြေ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေး

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့ ပင်လယ်ကမ်းခြေသန့်ရှင်းသာယာလှပရေး ကမ်းခြေတစ်လျှောက် စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား သွားရောက်ကြည့်ရှုအားပေးသည်။

အမ်းမြို့နယ်၌ သဗ္ဗဇေယျမုနိဘုရားကြီး ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမှိုက်ကောက်ခြင်းများ စုပေါင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် အောက်ရွာကျေးရွာအုပ်စု (၁)မိုင်ကုန်းရှိ သဗ္ဗဇေယျမုနိ ဘုရားကြီးပုရဝုဏ်အတွင်း ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်းနှင့် အမှိုက်ကောက်ခြင်းကို ယနေ့နံနက်ပိုင်းက ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ဆောင်ရွက်ကြောင်း သိရသည်။

ပေါက်တောမြို့နယ် တောင်ညိုကျေးရွာရှိ မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်း ၁ဝ မျိုး ထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် တောင်ညိုကျေးရွာရှိ မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၀ မျိုး ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါကျေးရွာ၌ပြုလုပ်ရာ ဗိုလ်မှူးချုပ် ဆန်နီအုန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေး၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်ကလေးအဖွဲ့များနှင့် လေဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။

ရမ်းဗြဲမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ (Book Club) (Young Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ယနေ့နေ့လည် (၂)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်နှင့်ဝန်ထမ်းများ၊ (Book Club) (Young Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော

ရခိုင်ပြည်နယ် မောင်တောမြို့၌ မိုးရာသီကာလအတွင်းဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် အခြားရောဂါများ မဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း ခန်းမအတွင်း ဟောပြောခဲ့သည်။

ဂွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ (ထပ်ဆောင်း) ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများနှင့် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ (ထပ်ဆောင်း) ကာကွယ်ဆေးများကို မြို့နယ်ကျန်းမာရေး ဌာနမှ ထိုးနှံပေးလျက်ရှိပါသည်။

ဂွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ (ထပ်ဆောင်း) ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများနှင့် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ (ထပ်ဆောင်း) ကာကွယ်ဆေးများကို မြို့နယ်ကျန်းမာရေး ဌာနမှ ထိုးနှံပေးလျက်ရှိပါသည်။
Subscribe to ရခိုင်ပြည်နယ်