ရခိုင်ပြည်နယ်မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေသည် တာ၀န်ရှိသူများနှင့်အတူ ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ မောင်တောဓာတ်အားခွဲရုံသို့ ကြည့်ရှုစစ်ဆေး
ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးနေဦးနှင့် တာ၀န်ရှိသူများသည် မုန်တိုင်းဘေးကြောင့်လေဘေးသင့်ပြီး ပျက်စီးခဲ့သောကျေးရွာများရှိ ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်၊ မိုးစပါးပျိုးထောင်ထားရှိမှုနှင့် မြေပြုပြင်ထွန်ယက်နေမှုအား ကြည့်ရှုအားပေး၊ ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ မောင်တောဓာတ်အားခွဲရုံသို့ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးရောက်ရှိမှုအားကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့သည်။