မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေသည် တာဝန်ရှိသူများနှင့်အတူ လူသုံးကုန်ထုတ် လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲသို့ တက်ရောက်
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦးနှင့်အတူ ယနေ့နံနက်ပိုင်းက အသေးစားစက်မှု လက်မှုဦးစီးဌာနမှ သစ်တောရွာ ကျေးရွာတွင် ကြီးမှူးဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲသို့ တက်ရောက်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင်ပြုလုပ်သည့် (၇၆) နှစ် မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အကြို အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲပြုလုပ်နေမှုနှင့် ဓါတ်ပုံပြပွဲ၊ စာအုပ်စာစောင်များကို ခင်းကျင်း ပြသထားရှိမှုအား ကြည့်ရှု အားပေးခဲ့ကြကြောင်းသိရသည်။