ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုး သရုပ်ပြပွဲ တက်ရောက်၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုမည့် ပစ္စည်းများ ရောက်ရှိမှု ကြည့်ရှုစစ်ဆေး
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ် ပျားလယ်ချောင်းကျေးရွာ၌ ကောက်စိုက်စက်၊ မျိုးစေ့ချကရိယာဖြင့် မိုးစပါးစိုက်ပျိုး သရုပ်ပြပွဲသို့ တက်ရောက်ကြည့်ရှုအားပေးပြီး စစ်တွေမြို့၊ ဘက်စုံသုံးဆိပ်ကမ်း၌ ကူညီကယ်ဆယ်ရေး နှင့်ပြန်လည်ထူထောင်ရေးပစ္စည်းများ ရောက်ရှိနေမှုနှင့် ဖြန့်ခွဲနေမှုတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။