ရခိုင်ပြည်နယ်

ပုဏ္ဏားကျွန်းမြို့နယ်တွင် ဌာနဆိုင်ရာများက ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၌ ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယမန်နေ့၊ နေ့လယ်ပိုင်းက  ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်ပြီးနောက်ပိုင်းတွင် ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ခမောင်းတော ကျေးရွာအုပ်စုသို့ ကွင်းဆင်း၍  ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံခဲ့ကြသည်။

မအီမြို့၌ စိုက်ပျိုးရေးမွေးမြူရေးကဏ္ဍများ တိုးတက်မြင့်မားရေးအတွက် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ တိုးတက်မြင့်မားရေးအတွက် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခြင်းကို ရပ်ကွက်/ကျေးရွာအုပ်စု စိုက်ပျိုးမွေးမြူရေးကဏ္ဍတိုးတက်မြင့်မားရေးအဖွဲ့(၆)မှ ယမန်နေ့နံနက်ပိုင်းက ဇနီကျေးရွာအုပ်စု၊ ဆားပြင်ကျေးရွာအုပ်စုနှင့် ပဒါကျေးရွာအုပ်စုပ်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အမ်းမြို့နယ်၌ မိုးစပါးရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံကာဒေသဖွံ့ဖြိုးရေးဆောင်ရွက်

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး မိုးစပါး ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍  ယနေ့ နံနက်(၁၀)နာရီအချိန်က အမ်း မြောက်ကျေးရွာအုပ်စု၊ ဆူးပုတ်ပျဉ်းတောကျေးရွာ အခြေခံပညာမှုလတန်းကျောင်း၌ ဒေသခံပြည်သူများနှင့် တွေဆုံပွဲကျင်းပပြုလုပ်ခဲ့သည်။ 

မြေပုံမြို့၌ နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်များနှင့်အညီ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ မြေပြင် ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင် ဦးဆောင်သော သက်ဆိုင်ရာတာဝန်ရှိသူများအဖွဲ့သည်

ဘူးသီးတောင်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဗုဒ္ဓဘာသာအခြေခံယဥ်ကျေးမှုသင်တန်းဖွင့်လှစ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလူငယ်များဗုဒ္ဓဘာသာအခြေခံယဥ်ကျေးမှုသင်တန်းဖွင့်ပွဲကို ဇူလိုင်လ ၂၁ ရက်နေ့ ညနေ(၄)နာရီအချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိန္တလီမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပပြုလုပ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁:၃၀နာရီ အချိန်က အ.ထ.က ကျိန္တလီ Grade-10 စာသင်ခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

စစ်တွေမြို့နယ်တွင် ဌာဆိုင်ရာများက ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ညိုရောင်ချောင်းကျေးရွာနှင့် မြစ်နားကျေးရွာများသို့ ကွင်းဆင်းကာ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံကြသည်။

အမ်းမြို့နယ်၌ မိုးစပါးရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး မိုးစပါးရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေးတွေ့ဆုံပွဲကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ယနေ့ နံနက်(၁၀)နာရီအချိန်က အမ်းမြောက်ကျေးရွာအုပ်စု၊ ဆူးပုတ်ပျဉ်းတောကျေးရွာ အခြေခံပညာမှုလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးနေဦးနှင့် တာဝန်ရှိသူများသည် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးနှိမ်နင်းရေး ဖုံးသွန်လဲစစ်လုပ်ငန်းများဆောင်ရွက်နေမှု လိုက်လံကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးနေဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးကံထွန်းအောင် တာဝန်ရှိသူများနှင့်အတူ ကျန်းမာရေးဦးစီးဌာနနှင့် လူမှုရေးအဖွဲ့အစည်းများပူးပေါင်း၍ မိုးရာသီကာလအတွင်းဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့်အခြားရောဂါများမဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် ယမန်နေ့ နံနက် ၉ နာရီအချိန် မြို့မအနောက်ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် ဖုံးသွန်လဲစစ်လုပ်ငန်းများဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့သည်။

ကျောက်တော်မြို့နယ်တွင် ပြန်လည်ထူထောင်ရေးဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ်အောင်သူဦးကတာ၀န်ရှိသူများနှင့်အတူ မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအားကြည့်ရှုအားပေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဥ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ ပြန်လည်ထူထောင်ရေးဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ်အောင်သူဦးကတာ၀န်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၇:၃၀ နာရီအချိန်က ပိုက်သည်ရပ်ကွက်၊ မြို့အဝင်လမ်းတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ စိုက်ပျိုးရေးသိပ္ပံ (ကျောက်တော်)မှ ကျောင်းသား၊ ကျောင်းသူများစုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေခြင်းကို ကြည့်ရှုအားပေးသည်။
Subscribe to ရခိုင်ပြည်နယ်