ရခိုင်ပြည်နယ်

ပုဏ္ဏားကျွန်းမြို့၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများပူးပေါင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့၌ ပညာပါရမီဘုန်းတော်ကြီးကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးနှင့် ကျောင်းသန့်ရှင်းသာယာလှပရေးအတွက်  မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့်သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယနေ့ နံနက် (၇)နာရီက ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

ဒုတိယဗိုလ်ချုပ်ကြီးလူအေး အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ)၊ မိုးရာသီ မေဂျာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ) မိုးရာသီ မေဂျာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက အစိုးရရပ်ကွက်ရှိ မြို့မ အားကစားဘောလုံးကွင်းကြီး၌ ကျင်းပပြုလုပ်ရာ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ တက်ရောက်အားပေးချီးမြှင့်သည်။

မင်းပြားမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဏ္ဍအလိုက် ဒေသဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာများ၏လုပ်ငန်းညှိနိုင်းအစည်းဝေးကို ယမန်နေ့က မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများသည် သရေကုန်းဘောင်ကျေးရွာတွင် မိုးစပါးများ ပျိုးထောင်နေမှုနှင့် မြေပြုပြင် ထွန်ယက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများသည် သရေကုန်းဘောင် ကျေးရွာတွင် မိုးစပါးများ ပျိုးထောင်နေမှုနှင့် မြေပြုပြင်ထွန်ယက်နေမှုများအား ယမန်နေ့ညနေပိုင်းက မြေပြင်ကွင်းဆင်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။

စစ်တွေမြို့နယ်တွင် ဌာဆိုင်ရာများက ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ် ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သင်္ဂနက်ကျေးရွာနှင့် မင်းဂံရပ်ကွက်များသို့ ကွင်းဆင်းကာ ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံကြသည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့ပေါ်  ရပ်ကွက်များနှင့်စာသင်ကျောင်းများတွင်သွေးလွန်တုပ် ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင် မြို့တွင် မြို့နယ်ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာအဖွဲ့စည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူ လူထုများပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို ယနေ့နံနက်ပိုင်းကဆောင်ရွက်ကြသည်။

မြောက်ဦးခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပေါင်မုန့်၊ ကိတ်မုန့်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်း (၄/၂၀၂၃) သင်တန်းဆင်းပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်သင်ကြားပို့ချသော ပေါင်မုန့်၊ ကိတ်မုန့်အမျိုးမျိုး ထုတ်လုပ်မှုနည်း ပညာသင်တန်း (၄/၂၀၂၃) သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က ထမ္မရာဇ်ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးဟောင်း)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

သံတွဲမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက်(၈)နာရီအချိန်တွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

အမ်းမြို့နယ် စျေးရပ်ကွက် မင်းကျောင်းကျောင်းတိုက် ပုရဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် မင်းကျောင်းကျောင်းတိုက် ပုရဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက်ပိုင်းက ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း၍ ဆောင်ရွက်ကြသည်။

တောင်ကုတ်မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် လူဝင်မှုကြီးကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ယမန်နေ့နံနက်က လမူးမော်ကျေးရွာရှိ အခြေခံပညာအထက်ကျောင်း၌ ကျောင်းသား၊ကျောင်းသူများ ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် နိုင်ငံသားစီစစ် ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်