အမ်းမြို့နယ် အရုဏ်ဦး ငွေစုငွေချေးသမဝါယမအသင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၊ အရုဏ်ဦးငွေစု/ငွေချေးသမဝါယမအသင်း (လီမိတက်) ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့ နေ့လယ် (၁၂) နာရီအချိန်က ဈေးတောင်ရပ်ကွက်၊ အ.ထ.က(ခွဲ)အမှုထမ်း(၂) အစည်းအဝေးခန်းမ၌ ကျင်းပသည်။