ရခိုင်ပြည်နယ်

ပေါက်တောမြို့၌ ခရီးသွားပြည်သူများ အန္တရာယ်ကင်းစေရန် ရေယာဥ်များကို စစ်ဆေး

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ရေယာဥ်ဖြင့် ခရီးသွားလာကြသည့် ပြည်သူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် ပေါက်တောမြို့ရှိ ဆိပ်ကမ်းမှ ထွက်ခွာမည့် ခရီးသည်ရေယာဥ်များအား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ စစ်ဆေးကြသည်။

ပေါက်တောမြို့နယ်၌ မိုးစပါး စိုက်ပျိုးပြီးစီးမှုများအား ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ် ပေါက်တောမြို့၌ ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မင်းပြားမြို့နယ်တွင် ဌာဆိုင်ရာများက ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် ဌာနဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယမန်နေ့နေ့လည်က ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ် ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရွာပြင်ကျေးရွာအုပ်စု ခေါင်းလောင်းရွာသစ်ကျေးရွာသို့ ကွင်းဆင်းကာ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံကြသည်။

အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ)၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ပြုလုပ်

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ)၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည် ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါကောလိပ်ရှိ EP Workshop တွင် ကျင်းပပြုလုပ်သည်။

ကျောက်ဖြူမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၃ - ခုနှစ်အတွက် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးလျှက်ရှိ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မိုးစပါးစိုက်ပျိုးသည့်တောင်သူများအား ၂၀၂၃-ခုနှစ် အတွက်  မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့မွန်းလွဲပိုင်းက မြန်မာ့လယ်ယာ ဖွံ့‌ဖြိုးရေးဘဏ် ခရိုင်ဘဏ်ခွဲတွင် ထုတ်ချေးပေးလျက်ရှိသည်။

မင်းပြားမြို့၌ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(မင်းပြား)နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းပြီးအဆိုပါသင်တန်းကျောင်း၌ သြဂုတ် ၁ ရက်နေ့ကလူငယ် စကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်

မြေပုံမြို့နယ်၌ နိုင်ငံတော်မှထောက်ပံ့ပေးအပ်​သော အသက်(၈၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများအား လူမှုပင်စင်ထောက်ပံ့ငွေများ သွားရောက်ထောက်ပံ့

ရခိုင်ပြည်နယ် မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီ၊ မေနှင့် ဇွန်) လများအတွက် နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်သွားရောက်ထောက်ပံ့ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်လူမှုဝန်ထမ်းရုံးမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မြို့နယ်မိခင် ကလေးစောင့်ရှောက်ရေးအသင်းဝင်များတို့က မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အသက်ကြီး ဘိုးဘွားများထံသို့ သွားရောက်ထောက်ပံ့သည်။

မြေပုံမြို့၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ အသက် (၂)လမှ (၂)နှစ် အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် မိခင်နို့တိုက်ကျွေးရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ အသက် (၂)လမှ (၂)နှစ် အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် မိခင်နို့တိုက်ကျွေးရေး အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ပြုလုပ်သည်။

စစ်တွေမြို့တွင် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး အခြေခံစက်ချူပ်နည်းပညာသင်တန်း ဖွင့်လှစ်

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ အသေးစားထုတ်ကုန်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုများဝင်ငွေတိုးပွားရေးစီမံကိန်း အရအခြေခံစက်ချူပ် နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀နာရီခွဲအချိန်က စစ်တွေမြို့ ကျောက်တန်းချေ ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်တော်မြို့၌ ရခိုင်ပြည်အစိုးရအဖွဲ့ မှလှူဒါန်းသည့် ဝါဆိုသင်္ကန်း၊ ပေါ်ဆန်းမွှေးဆန်၊ ဆီနှင့်‌ ဆေးဝါးများ ဆက်ကပ်လှူဒါန်း

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင်  ရခိုင်ပြည်အစိုးရအဖွဲ့မှလှူဒါန်းသည့် ဝါဆိုသင်္ကန်း၊ ပေါ်ဆန်းမွှေးဆန်၊ဆီနှင့်‌ဆေးဝါးများ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကစ္ဆပနဒီခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်