ပေါက်တောမြို့၌ ခရီးသွားပြည်သူများ အန္တရာယ်ကင်းစေရန် ရေယာဥ်များကို စစ်ဆေး
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ရေယာဥ်ဖြင့် ခရီးသွားလာကြသည့် ပြည်သူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် ပေါက်တောမြို့ရှိ ဆိပ်ကမ်းမှ ထွက်ခွာမည့် ခရီးသည်ရေယာဥ်များအား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ စစ်ဆေးကြသည်။