ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် မျိုးစပါးစိုက်ပျိုးနေမှု၊ ပျိုးထောင်ထားရှိမှုနှင့် မြေပြုပြင်ထွန်ယက်နေမှုများအား လိုက်လံကြည့်ရှု
ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထဋ်၊ ဦးယျာဉ်ခြံသီးနှံညွှန်ကြားရေးမှူးဦးမျိုးဇော်၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်လှသီင်္ဂီနှင့် စစ်တွေခရိုင် ဦးစီးမှူးဦးအေးထွန်းတို့သည် ယနေ့၊ နံနက်(၁၀)နာရီက ရသေ့တောင်မြို့သို့ ရောက်ရှိပြီး ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်နှင့် မစဖအဖွဲ့ဝင်များ စိုက်ပျိုးကြီးကြပ်ရေး ကော်မတီဝင်များက ကြိုဆိုခဲ့ကြသည်။