ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း စစ်တွေတက္ကသိုလ်၌ ဥပဒေပညာအကြောင်း သိကောင်းစရာများ ဟောပြော

စစ်တွေတက္ကသိုလ် ဥပဒေပညာဌာန၌ ဥပဒေပညာအကြောင်း သိကောင်းစရာများ ဟောပြောပွဲကို ယနေ့နေ့လယ်ပိုင်းက စစ်တွေတက္ကသိုလ်တွင် ကျင်းပသည်။ ဦးစွာ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဇော်နှင့် ဥပဒေပညာဌာန၊ ပါမောက္ခဌာနမှူး ဒေါက်တာဥမ္မာစန်းတို့က ဥပဒေပညာအကြောင်း သိကောင်းစရာများ ဟောပြောပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။

ရခိုင်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ လုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုများ အထိမ်းအမှတ် အခမ်းအနား ပေါက်တောမြို့၌ ကျင်းပ

ပေါက်တောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက မြို့နယ်ပြည်သူ့ဆေးရုံရို အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပေါက်တောမြို့တွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု ပြုလုပ်

ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် ကျောင်းသား ကျောင်းသူကလေးငယ်များကိုယ်ခန္ဓာ ကြီးထွားသန်မာခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးခြင်း၊ ရောဂါကာကွယ်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိခံစားရစေနိုင်ရန်နှင့် စံမီအာဟာရ ပြည့်ဝမျှတစေရန်အတွက် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုကို ယနေ့နံနက်ပိုင်းက ပေါက်တောမြို့ အမှတ်(၃) ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေ

 ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဩဂုတ်လ ၁၇ ရက်နေ့ နေ့လယ် ၃ နာရီအချိန် ဝေသာလီရပ်ကွက်၊ သုံးမိုင်လမ်းဆုံတွင် တာဝန်ရှိသူများ အသိပညာပေး လက်ကမ်းစာစောင်များအား ဆက်လက် ဖြန့်ဝေပေးခဲ့ကြသည်။

မြောက်ဦးမြို့နယ်အတွင်းရှိ စာသင်ကျောင်းများ သို့သွားရောက်ပြီး သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ထမ္မရာဇ်ရပ်ကွက်ရှိ အ.ထ.က(ခွဲ)လ (၃) ကျောင်း၌ ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ဟောပြောခဲ့ကြောင်း သိရသည်။

မြောက်ဦးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် မိသားစုဝင်ငွေတိုးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရန်အတွက် အခြေခံစက်ချုပ်နည်းပညာသင်တန်းပို့ချ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်သင်ကြားပို့ချသော အခြေခံစက်ချုပ်နည်းပညာသင်တန်း (ပထမအကြိမ်) အဖြစ် ဩဂုတ် ၁၄ ရက်နေ့မှစတင်၍ ထမ္မရာဇ်ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ကုန်ပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့၌ ကုန်ပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်ချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဩဂုတ်လ (၁၇) ရက်နေ့၊ မွန်းလွဲပိုင်းက မြို့နယ်အဆင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တို့ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များရှိ ဈေးဆိုင်များနှင့် မြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသော ကုန်ပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

အမ်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြောပြခြင်းနှင့် မှတ်ဉာဏ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ကျောင်းသား/ကျောင်းသူများ အသိပညာ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြောပြခြင်းကို ယနေ့နံနက် ၁၀ နာရီက အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါက်တောမြို့၌ စစ်ကြောင်း(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ပေါက်တောမြို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဥ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တရားဥပဒေ စိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းတွင် စစ်ကြောင်းကြီး (၅)ကြောင်းအဖွဲ့သည် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Subscribe to ရခိုင်ပြည်နယ်