တောင်ကုတ်မြို့နယ်၌ ဖုံး၊ သွန်၊ လဲ၊ စစ် နှင့် အဘိတ်ဆေးခပ်ခြင်း လုပ်ငန်းများဆောင်ရွက်
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် ပြည်သူများ၏ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာလုပ်ငန်းများပိုမိုထိရောက်စေရေး၊ ဂျပန်ဦးနှောက်အမှေးရောင်ရောဂါ ကြိုတင်ကာကွယ်ရေး၊ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေးတို့အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် နှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်(၈)နာရီအချိန် သိမ်တောင်ရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။