ရခိုင်ပြည်နယ်

မအီမြို့၌ သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေးခြင်းနှင့် ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်ပြီး ကျေးလက် ကျန်းမာရေးဌာနဝန်ထမ်းများ၊ မြို့စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ မအီနယ်မြေ မီးသတ်စခန်းမှ ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက မအီမြို့၊ အမှတ်(၃)ရပ်ကွက်အတွင်း၌ အိမ်ထောင်စုများသို့ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်ကုတ်မြို့၌ လူငယ်စကားဝိုင်း ကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ဩဂုတ်လ ၂၃ ရက်နေ့ မွန်းလွဲ (၂)နာရီ အချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ (၂၄)ကြိမ်မြောက် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ (၂၄) ကြိမ်မြောက် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ကျိန္တလီမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဩဂုတ် ၂၃ ရက်နေ့ ညနေပိုင်းက အ.ထ.က ကျိန္တလီကျောင်း ရွှေကိန္နရီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဖြူမြို့၌ အဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လူထုလှုပ်ရှားမှုအခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြည်သူ့ဆေးရုံကြီးရှိ အစည်းအဝေးခန်းမ၌ အဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက်၁၀နာရီအချိန်က ပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်သူ့ကျန်းမာရေးဌာနမှ ခရိုင်ဆရာဝန်ကြီးနှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံကျန်းမာရေးအသင်းမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နို့တိုက်မိခင်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ တက်ရောက်ကြသည်။

ရသေ့တောင်မြို့၌ မိုခါမုန်တိုင်းကြောင်းပျက်စီးသွားသော မြစိန်ရောင်စေတီ ထီးတောင်တင်လှူ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ မိုခါမုန်တိုင်းကြောင်း ပျက်စီးသွားသော စည်ကား‌တောင်‌ တောင်ပေါ်ရှိ မြစိန်ရောင်စေတီတော်မြတ်အား ထီးတော်တင်လှူပွဲကိုယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

မြောက်ဦးမြို့၌ ရေဘေးအသိပညာပေးဟောပြောပွဲနှင့် ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ရေဘေးအသိပညာပေးဟောပြောပွဲနှင့် ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ခြင်းကို ယမန်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်က အောင်တပ်ရပ်ကွက် မြို့တော်ခန်းမနှင့် အောင်တပ်ချောင်းအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်တော်မြို့ ယာယီခိုလှုံရာစခန်းမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေး နယ်လှည့်ဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ခရိုင် ၊ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယာယီခိုလှုံရာစခန်းရှိ ကျောင်းသား၊ကျောင်းသူများအား နယ်လှည့်ဟောပြောပွဲကို ယမန်နေ့နံနက် ၁ နာရီအချိန်က ပိုက်သည်ရပ်ကွက် မဟာကံကြီးရှင်ဘုရား ယာယီခိုလှုံရာစခန်းသို့ သွားရောက်ကွင်းဆင်း‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်အဆင့်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)နှင့်ပတ်သက်၍ မှတ်တမ်းပြုစုရေး (၁/၂၀၂၃) ညှိနှိုင်းအစည်းအဝေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)နှင့်ပတ်သက်၍ မှတ်တမ်းပြုစုရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Subscribe to ရခိုင်ပြည်နယ်