ကျောက်ဖြူမြို့၌ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲပြုလုပ်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကို ဩဂုတ်လ ၂၅ ရက်နေ့၊ မွန်းတည့် ၁၂ နာရီအချိန်က စေတီရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် ကညင်တောရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းတို့တွင် ကျင်းပပြုလုပ်သည်။