တောင်ပြိုလက်ဝဲမြို့၌ ဦးတည်အုပ်စုတွင်ပါဝင်သူများအားထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေးလေးကြိမ် ထိုးနှံပြီးစီးသော ဦးတည်အုပ်စုတွင်ပါဝင်သူများအား ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက သတ်မှတ်စုရပ်နေရာ ဆေးရုံဝင်းအတွင်း၌ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ကြသည်။