ပုဏ္ဏားကျွန်းမြို့နယ်၌ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး HPV စတင်ထိုးနှံ
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်အတွင်းရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး HPV ထိုးနှံခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က ပုဏ္ဏားကျွန်းမြို့၊ အလယ်စုရပ်ကွက်၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)တွင် စတင် ထိုးနှံပေးလျက်ရှိသည်။