ရခိုင်ပြည်နယ် မောင်တောမြို့၌ ရပ်ကွက်နေပြည်သူများသို့ စားသုံးဆီ တစ်ပိဿာလျှင် ၄၉၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေး
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးသူပြည်သူများသို့ ယမန်နေ့ ညနေ ၄ နာရီအချိန် မြို့မအရှေ့ရပ်ကွက်အတွင်းစားသုံးဆီများ ရောင်းချပေးခဲ့ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။