ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားတက်ရောက်၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိများနှင့်တွေ့ဆုံ

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

မာန်အောင်မြို့ မြို့မစည်ပင်သာယာဈေးရှိ စျေးဆိုင်ခန်းများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးသတ်ဆေးဘူးများ ထားရှိခြင်း ရှိ/မရှိစစ်ဆေး

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့ မြို့မစည်ပင်သယာဈေးရှိ စျေးဆိုင်ခန်းများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ ထားရှိခြင်း ရှိ/မရှိ ယမန်နေ့နံနက် ၁၀ နာရီခွဲက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ အပတ်စဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

မြောက်ဦးမြို့ မီးသတ်တပ်ဖွဲ့ဝင်များမှ ညောင်ပင်ဈေးရပ်ကွက်၌ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး အသိပညာပေးဟောပြော

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရန် ယနေ့နံနက် ၁၀ နာရီက ဆင်ချဆိပ်ရပ်ကွက် မြတန်ဆောင်းယာယီခိုလှုံရာစခန်းသို့ သွားရောက်ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရသေ့တောင်မြို့၌ လခြမ်းရွှေမြေအဖွဲ့မှ ကျား/မအ‌ခြေပြု အသိပညာပေး သင်တန်းဖွင့်လှစ်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ လခြမ်း‌ရွှေမြေအဖွဲ့မှ ဖွင့်လှစ်‌သော ကျား/မ အခြေပြုအသိပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းက ရသေ့တောင်မြို့၊ စေတီတောင်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရသေ့တောင်မြို့၌ လခြမ်းရွှေမြေအဖွဲမှ ကျား/မအ‌ခြေပြု အသိပညာပေး သင်တန်းဖွင့်လှစ်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ လခြမ်း‌ရွှေမြေအဖွဲ့မှ ဖွင့်လှစ်‌သော ကျား/မ အခြေပြုအသိပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းက ရသေ့တောင်မြို့၊ စေတီတောင်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

သံတွဲမြို့၌အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများထံ လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်တွင် အိမ်တိုင်ရာ​ရောက်သွား​ရောက် ပေးအပ်ခဲ့ကြသည်။

ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အမ်းမြို့၌ စားသုံးဆီ တစ်ပိဿာလျှင် ၄၉၀၀ ကျပ်နှုန်းဖြင့် လေယာဉ်ကွင်းရပ်ကွက်နေပြည်သူများသို့ရောင်းချပေး

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့တွင် မြန်မာနိုင်ငံဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ယနေ့ နံနက် ၈ နာရီအချိန်က လေယာဉ်ကွင်းရပ်ကွက်နေပြည်သူများသို့ စားသုံးဆီများရောင်းချပေး ခဲ့သည်။

ရသေ့တောင်မြို့၌ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း အကြံပြုစစ်ဆေးခြင်းနှင့် မီးအသိမီးသတိရှိစေရေး အသိပညာပေးဟောပြော

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးနိုင်စေရန် ယနေ့နံနက် ၁၀ နာရီက အရှေ့မြောက်ရပ်ကွက်ရှိ ရွှေပါရမီ (ယာယီနေရပ်စွန့်ခွာသူများစခန်း)သို့ သွားရောက်ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်းကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

မြေပုံမြို့၌ ရပ်ကွက်နေပြည်သူများသို့ စားသုံးဆီ(၁)ပိဿာလျှင်(၅၀၀၀)ကျပ်နှုန်းဖြင့် လက်လီရောင်းချပေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့်လုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီလက်လီ အရောင်းဈေးကားဖြင့် ယနေ့နံနက် (၈)နာရီအချိန်က ရွာသစ်ကေရပ်ကွက်ရှိ စားသုံးသူ (ပြည်သူများ) သို့ စားသုံးဆီများ လက်လီဖြန့်ဖြူး ရောင်းချပေးလျက်ရှိသည်။
Subscribe to ရခိုင်ပြည်နယ်