အမ်းမြို့၌ နိုင်ငံသားတစ်ဦးချင်း၏ အချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်
အမ်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးမှူးဦးဇော်ဇော်ထွဋ်နှင့် မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းတို့ ကြီးကြပ်မှုဖြင့် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် နယ်မြေခံစစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းရှိ အသက်(၁၀)နှစ်အထက် နိုင်ငံသားကဒ်ပြားရှိသူမိသားစုဝင်များ၏ နိုင်ငံသားတစ်ဦးချင်း အချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါတပ်ရင်းခန်းမတွင် ကောက်ယူလျက်ရှိသည်။