အမြို့မြို့အနယ်နယ်သတင်းများ

Feb 19,2026
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲဖြေဆိုမည့် အခြေခံပညာအထက်တန်းကျောင်းများတွင် မီးလောင်မှု/မီးလန့်မှုများမဖြစ်ပေါ်စေရေး မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 19,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်အတွင်းရှိ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါနှင့် နာတာရှည်အဆုတ်ရောဂါ စသည့်ရောဂါအခံရှိသူများအား အောင်ဆန်းအမျိုးသား တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ (Myanmar Anti-TB Association) (MATA) က အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာသန်းထူးကိုဦးဆောင်၍ ဒေါက်တာသန်းထူးကိုနှင့် ဗိုလ်တထောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီအချိန်မှ ၁ နာရီအချိန်ထိ အမှတ် ၁၀ ရပ်ကွက်၊ ၄၆ လမ်း မြို့နယ်ကျန်းမာရေးဌာနရုံးတွင် သွေးတိုးဆီးချိုလူနာများ၊ သက်ကြီးရွယ်အိုများ၊ တီဘီရောဂါသံသယရှိလူနာများအား ဆီးချိုသွေးချိုစစ်ဆေးပေးခြင်း၊ ကုသပေးခြင်း၊ တီဘီရောဂါ ရှိ၊ မရှိ ဓာတ်မှန်ရိုက်၍ ရှာဖွေစစ်ဆေးပေးခြင်း၊ ဆီးချိုသွေးချိုလူနာများအား ဆေးပေးခြင်း၊ တီဘီရောဂါ ရှိ၊ မရှိ အခမဲ့ ဓာတ်မှန်ရိုက်ပေးခြင်း၊ အခမဲ့စစ်ဆေးပေးခြင်းနှင့် လိုအပ်သောဆေးဝါးကုသမှုများ အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Feb 19,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊‌ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ပြည်သူများ ဈေးနှုန်းသက်သာစွာ ၀ယ်ယူနိုင်ရေးအတွက် ကြက်ဥများအား ဈေးနှုန်းချိုသာစွာဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ယနေ့နံနက် ၇ နာရီ ၂၀ မိနစ်အချိန်က စတင်ရောင်းချပေးခဲ့သည်။
Feb 19,2026
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးသီးနှံပန်းတိုင်အထွက်နှုန်းရရှိ​ရေးစံပြကွက် နှင့်နွေနှမ်းသီးနှံပံ့ပိုးပစ္စည်းပေးအပ်ပွဲကို ဖေဖော်ဝါရီ ၁၉ ရက်၊နံနက် ၁၀ နာရီ ခွဲက မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးရုံး အစည်းအဝေးခန်းတွင် ကျင်းပသည်။
Feb 19,2026
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ  အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်၏ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ (၂၂) ရက်တွင် ကျရောက်မည့်  (၂၆)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီ ၁၈ ရက်က အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ-၂ ၌ ကျင်းပသည်။
Feb 19,2026
ပုဂံဒေသရှိ သဗ္ဗညုဂူဘုရားကြီး၏သမိုင်းဝင်အမွေအနှစ်များသည် ပုဂံဒေသ၏ ယဉ်ကျေးမှုသမိုင်းကြောင်းနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုတို့ကို ထင်ဟပ်ပြသသည့် အရေးကြီးသက်သေအထောက်အထားများဖြစ်သည်။ ယင်းအမွေအနှစ်များကို စနစ်တကျစူးစမ်းသုတေ သနပြုလုပ်ခြင်းနှင့်ထိန်းသိမ်းကာကွယ်ခြင်းတို့သည် မျိုးဆက်သစ်များအတွက် သမိုင်းမှတ်တမ်းအမွေအနှစ်များကို ဆက်လက်ထိန်းသိမ်းပေးနိုင်ရန် အလွန်အရေးပါသော ကဏ္ဍများဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ တာဝန်ရှိသူများထံက သိရသည်။
Feb 19,2026
ယခင်နှစ်မိုးရာသီက ကရင်ပြည်နယ်အတွင်း သံလွင်မြစ်ရေသည် နှစ်ကြိမ်တိုင်တိုင်ထူးကဲစံချိန်တင်မြင့်တက်မှုကြောင့် မြစ်ကမ်းပါးပြိုကျမှုများဖြစ်ပွားခဲ့ပြီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်းက ဘားအံမြို့နယ် ကော့လှိုက်ကျေးရွာရှိ သံလွင်မြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။
Feb 19,2026
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံရာသီက စိုက်ပျိုးခဲ့သော နေကြာသီးနှံ ၅၆၄၀ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး အထွက်နှုန်းမှာ တစ်ဧကလျှင် ၁၈ ဒသမ ၃၄ တင်း ထွက်ရှိကြောင်း  ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။