သံတွဲ ဇွန် ၂၆
သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲဆုပေးပွဲကို ယနေ့နံနက် ၁၀း၃၀ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် (Community Centre) အကောင်အထည်ဖေါ်ဆောင်ရွက်မှု အခြေအနေများကိုရှင်းပြောကြားသည်။ ထို့နောက် ဒိုင်ချုပ်ဦးအောင်ကျော်သိန်းက ပြိုင်ပွဲဝင် ကျောင်းသား၊ကျောင်းသူများအား ပြိုင်ပွဲအမှတ်ပေးစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာစီစာကုံးပြိုင်ပွဲကိုကျင်းပရာတွင် သံတွဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၅၃)ဦးက “မူယစ်ဆေးဝါးအန္တရာယ်စုပေါင်းကာကွယ်” ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင်ခဲ့ကြရာ အထက (ငပလီ)ကျောင်းမှ Grade-10 ကျောင်းသူ မလေပြေဦးက ပထမ၊ အထက(ခွဲ)မြို့မကျောင်း Grade-7မှ မောင်မိုးဖုန်းပြည့်ခန့်က ဒုတိယ၊ အထက(၁)Grade-8မှ မမြတ်စန္ဒီက တတိယဆု၊ အထက(၂)ကျောင်း Grade-8မှ မောင်ကောင်းခန့်လှိုင်နှင့် Grade-9မှ မောင်မြတ်ဖုန်းပြည့်စုံတို့က နှစ်သိမ့်ဆုများကို အသီးသီးရရှိခဲ့ကြောင်း သိရသည်။
အဆိုပါစာစီစာကုံးပြိုင်ပွဲ ဆုရရှိသည့်ကျောင်းသား/သူလေးများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် တာဝန်ရှိသူများ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းမြတ်ဖြူတို့က ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြသည်။
အခမ်းအနားအပြီးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အသိပညာပေးနံရံကပ်စာစောင်နှင့်(Community Centre) အကောင်အထည်ဖေါ်ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများနှင့် စာအုပ်၊စာစောင်ခင်းကျင်းပြသထားရှိမှုများကို လှည့်လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။
ခရိုင် (ပြန်/ဆက်)