ကိုကိုးကျွန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် အတန်းတင် စာမေးပွဲဖြေဆို

ကိုကိုကျွန်း  မတ်  ၁၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၉နာရီ က စာမေးပွဲဖြေဆိုနေသော ကျောင်းသား/သူများ၊ ကိုဗစ်-၁၉ ရောဂါနှင့် အိုမီခရွန်ရောဂါများ မဖြစ်ပေါ်စေရန် ဆရာ/မများမှ အပူချိန်တိုင်းတာပေးခြင်း၊ ကလေးများကို Mask များ စနစ်တကျတပ်စေခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက်စာမေးပွဲဖြေဆိုနေသော ကျောင်းသား/သူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ လုံခြုံရေးတာဝန်ချထားခြင်း၊ ကျောင်းသား/သူများကို စာမေးပွဲအခန်းတွင်း နေရာများကို ၆ပေခွာ နေရာစီစဉ်ထားခြင်း၊ Mask များကို စနစ်တကျတပ်ဆင်ပေးခြင်း၊ ဆရာ/မများမှ ကျောင်းသား/သူများကို လက်သန့်ဆေးရည်များ ပတ်ဖြန်းပေးခြင်း၊ စာမေးပွဲဖြေဆိုရာတွင် ကျောင်းအုပ်ဆရာမကြီးမှ အချိန်နှင့်တပြေးညီဖြေဆိုရန်၊ တစ်နေ့လျှင် နှစ်ဘာသာနှုန်းဖြင့် ဖြေဆိုရန်နှင့် စာမေးပွဲဆိုင်ရာစည်းကမ်းချက်များ ပြောကြားသည်။

ဆက်လက်၍  မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့မှ ဖြေဆိုနေသော ကျောင်းသား/သူများ လာရောက်ကြည့်ရှုပြီး ကျောင်းသား/သူများ အိုမီခရွန်ရောဂါများ မကူးစက်နိုင်အောင် နေထိုင်စေရန် မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)