ရွာငံမြို့နယ်အတွင်းရှိ အဖု၊ အကြိတ် ဝေဒနာရှင်များအား ကုသိုလ်ဖြစ် ခွဲစိပ်ကုသပေးမည်

ရွာငံ အောက်တိုဘာ   ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ အဖု၊ အကြိတ် ဝေဒနာရှင်များအား အောက်တိုဘာလ (၂၂) ရက်မှ (၂၅) ရက်နေ့အထိ ရွာငံမြို့နယ် အနန္တ ဇိနသမ္ဗုဒ္ဓေစေတီတော်ကုန်းမြေ ရွှေရတုတိပိဋကအရိန္ဒမာ စက္ခုပါလ မျက်စိ ဆေးရုံတော်ကြီးတွင် ကုသိုလ်ဖြစ် ခွဲစိတ်ကုသပေးမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ အဖု၊ အကြိတ်ဝေဒနာရှင်များအား ဂျပန်နိုင်ငံအထူးကု ဆရာဝန်ကြီးများမှ လာရောက် ကုသပေးမည်ဖြစ်သောကြောင့် ရွာငံမြို့ နယ်အတွင်းရှိ အဖု၊ အကြိတ်ဝေဒနာရှင် များက မည်သူမဆိုလာရောက် ခွဲစိပ်ကုသနိုင်ကြောင်း  သိရသည်။

ပြည့်ဖြိုးသန့် (ရွာငံ)