ဆရာတော်ဦးဥတ္တမနေ့အထိမ်းအမှတ်ဖြစ် ဆရာတော်၏ ရုပ်ထုအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဂါရဝပြုပူဇော်ကန်တော့

စစ်တွေ စက်တင်ဘာ ၉
 
(၈၂)နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့အထိမ်းအမှတ်ဖြစ် စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံရှိ ဆရာတော်၏ ရုပ်ထုအား ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ က ယနေ့နံနက် ၇ နာရီတွင် ဂါရဝပြု၊လွမ်းသူပန်းခွေချကန်တော့ကြသည်။
ထို့အတူ ဆရာတော်ဦးဥတ္တမကို လွမ်းဆွတ်သတိရသည့်အနေဖြင့် မိဘ၊ ပြည်သူများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် တိုင်းရင်းသား ညီအစ်ကိုများမှလည်းပန်းစည်း၊ ပန်းခွေများဖြင့် လာရောက်ဂါရဝပြု လျက်ရှိသည်။
ဆရာတော် ဦးဥတ္တမနေ့ကို ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများ၊ မိဘပြည်သူများက ပန်းစည်း၊ ပန်းခွေ များဖြင့် ပူဇော်ကန်တော့လျက်ရှိကြကြောင်းသိရသည်။
ဆရာတော်ဦးဥတ္တမနေ့အထိမ်းအမှတ် အခမ်းအနားများကို ယခင်နှစ်များက စစ်တွေမြို့ အပါအဝင် ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်များ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ အခြေနေကြောင့် ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ် ရေးညွှန်ကြားချက်များနှင့် အညီ အကျဉ်းချုံးကာ ပြုလုပ်လျက်ရှိကြောင်းသိရသည်။
တင်ထွန်း