တနင်္သာရီတိုင်းဒေသကြီး ဥပဒေအရာရှိ ကျင့်ဝတ်ကြီးကြပ်ရေးအဖွဲ့က တိုင်းဒေသကြီးဥပဒေချုပ်ရုံးရှိ ဥပဒေအရာရှိများကို ဥပဒေအရာရှိ ကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်း

ထားဝယ် မေ ၃၁

တနင်္သာရီတိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်လျက်သော ဥပဒေအရာရှိများအတွက် ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်းကို မေ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာတိုင်းဒေသကြီးဥပဒေချုပ် ဦးထိန်လင်းကျော်က ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဥပဒေအရာရှိများအနေဖြင့် ဥပဒေရေးရာဝန်ကြီးဌာနက ထုတ်ပြန်ပြီးဖြစ်သည့် ဥပဒေအရာရှိ ကျင့်ဝတ်များနှင့်အညီ တာဝန်ထမ်းဆောင်ခြင်းဖြင့် သဘောထားပြည့်ဝခြင်း၊ အကောင်းနှင့်အဆိုးကို ခွဲခြားနားလည်ခြင်း၊ တရားမျှတမှုကိုမြတ်နိုးခြင်းစသည့် ကောင်းမြတ်သည့် စိတ်နေစိတ်ထား၊ ကိုယ်ကျင့်တရားတို့ ပြည့်စုံလာမည်ဖြစ်ကြောင်း၊ ထို့အပြင်တာဝန်ယူမှု၊ တာဝန်ခံမှု ကောင်းမွန်လာခြင်း၊ အများပြည်သူတို့၏ ယုံကြည်ကိုးစားမှု ပိုမိုရရှိစေရေးခြင်းတို့ ဖြစ်ပေါ်လာမည်ဖြစ်ကာ ဥပဒေအရာရှိကျင့်ဝတ်နှင့်အညီ မိမိတို့၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ဥပဒေအရာရှိများအား ဥပဒေအရာရှိ ကျင့်ဝတ်ဆိုင်ရာမေးမြန်းခြင်းကို ဥပဒေရေးရာ ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဥပဒေအရာရှိများအား တိုင်းဒေသကြီး ဥပဒေအရာရှိ ကျင့်ဝတ်ကြီးကြပ်ရေးအဖွဲ့က မေးမြန်းဆွေးနွေးပြီး ခရိုင်နှင့်မြို့နယ်ဥပဒေရုံးများရှိ ဥပဒေအရာရှိများအား သက်ဆိုင်ရာဥပဒေအရာရှိများက မေးမြန်းဆွေးနွေးခြင်း ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သတင်းရသည်။

ကျော်ကျော်လတ် (ပြန်/ဆက်)